ကျွန်ုပ်တို့ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း သည် လူ့အဖွဲ့အစည်းနှင့် အကျိုးပြုလုပ်ငန်းများ ကူညီလုပ်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက် ခုလို စားရေးသောက်ရေး အခက်အခဲဖြစ်နေသော မိဘပြည်သူများအတွက် တစ်ဖက်တစ်လမ်း မှ ဖြည်းဆည်းပေးနိုင်ရန်အတွက် ယခုလို မတည် လှူဒါန်းမှုကို အရေးပေါ် စီစဉ်ဆောင်ရွက်လိုက်ရတာလဲဖြစ်ပါတယ် …
မြေပြင် မှာ ကူညီပေးနေတဲ့ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် ချိတ်ဆက်လှူဒါန်းပေးသွားမှာဖြစ်လို့ အကူအညီလိုအပ်သူများအနေဖြင့်လဲ ဆက်သွယ်၍အကူအညီတောင်းခံနိုင်ကြောင်း သတင်း ကောင်းပါးလိုက်ရပါတယ်ခင်ဗျာ ….
ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းနဲ့ အတူ လက်တွဲပြီး ပူးပေါင်း ပါဝင် ကူညီလိုတဲ့ အလှူရှင်များကိုလဲ ဝမ်းမြောက်စွာ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ ….
မကြာခင် အချိန်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြတ်ကျော်နိုင်သွားမှာဖြစ် လို့
အားတင်းထားကြပါခင်ဗျာ …
ယခုချိန်မှာကြုံတွေ့နေရတဲ့အခက်အခဲ တွေဆိုတာ အားလုံးတူတူ ရင်ဆိုင် ကျော်ဖြတ်ကြရမှာဖြစ်လို့ ရေဘေး ပြည်သူများနဲ့ အတူ ကြံ့နှစ်ကောင် ဖော်ဒေးရှင်းကလဲ အတူတူ ကျော်ဖြတ်သွားမှာဖြစ်ပါတယ် …
ရေဘေး ပြည်သူများအားလုံး အမြန်ဆုံး ဘေးအန္တရာယ် ကင်းပါစေ
အနာတရများကင်းပါစေ
ရေဘေး မှ အမြန် လွတ်မြောက်ကြပါစေ
ခင်ဗျာ ….
#Double_Rhinos_Cement#ideal_for_building#Bago_Water_Flood_Donation
#ပဲခူး_ရေဘေး See less



















