Arr Thit Man Co., Ltd.

Arr Thit Man Group of Companies was founded in 2015, headquartered in Mandalay, Upper  Myanmar and Branch Office is located in Yangon, Lower Myanmar. ATM Group of Companies is  a conglomerate engaged in importing, marketing and distributing strategically positioned home  improvement and construction materials across Myanmar Nationwide.

There are not only world-famous brands such as JOMOO, Lamett, LESSO, AUX, ORVIBO and MAXHUB but also local products such as 99.99 Standard Brick and Double Rhinos Cement and Ready Mixed Concrete. Double Rhinos Cement factory is producing 10,000 tons per day as the first biggest cement factory in Myanmar.

ATM

0 +
Employees
0
Large Warehouses
0 +
Distribution Trucks

Our Products

Our Distribution Channels

Evaluates ways to improve our products to boost demand around 300 cities across Upper and Lower Myanmar. Using Intensive distribution channels such as direct sales, sub distributions and wholesales are more effective to improve our sales target and to be dispersed in the market.
0 +
Real Touch Cities
0
Global Parrnerships
0
Brands
0 %
Coverage

Our

Achievements

We’re always proud and excited on these awards.

Partnership Companies

Frequently Asked Questions

If your question isn’t listed below, please contact our Customer Service on
(+95)9 88 22 999 23

ဘိလပ်မြေ ဖြစ်ပေါ်လာပုံမှာ ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှ လူမျိုး ပန်းရံဆရာ Joseph Aspdin မှ ထုံးကျောက်နှင့် ရွှံ့စေးများကို အပူပေး၍ ရလာသော အရောအနှောကို သမအောင် ကြိတ်ကာ ရေနှင့် ရောစပ် ဖန်တီးခဲ့သည်။ Aspdin သည် သူ ဖန်တီးခဲ့သော ဘိလပ်မြေဖြင့် ထင်ရှား ခိုင်ခံ့သော အဆောက်အအုံများကို အင်္ဂလန်နိုင်ငံ Dorset ရှိ Isle of Portland တွင် တည်ဆောက်ခဲ့ခြင်းကြောင့် Portland cement ဟု အမည်ပေးခဲ့သည်။ သူ၏ သားဖြစ်သူ William Aspdin သည် Alite ပါဝင်သော ပထမဆုံး ဘိလပ်မြေကို တီထွင်ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။

၁၈၄၅ ခုနှစ်တွင် Isaac Johnson ဆိုသူမှာ မြေဖြူ နဲ့ ရွှံစေးကို အသုံးပြု၍ ပျမ်းမျှအပူချိန် 1400-1500’C ရှိ အပူပေး၍ ရလာသော ချော်ရည်မှ ဘိလပ်မြေကို ထပ်မံတီထွင်ခဲ့ပြန်သည်။

၁၈၅၀ ခုနှစ်မှ စ၍ Portland ဘိလပ်မြေဖြင့် ပြုလုပ်သော ကွန်ကရစ် အသုံးပြု သိသိသာသာ တိုးတက်လာခဲ့ပါသည်။ ပန်းပုများ၊ တံတားငယ်များ၊ ကွန်ကရစ်ပိုက်များ ပြုလုပ်ရာတွင် အသုံးပြုရာက တဆင့် လန်ဒန် နှင့် ပဲရစ် ရှိ အညစ်အကြေး စွန့်ပစ်စနစ်များတွင်သာမက မြေအောက်မီးရထား ဘူတာများ တည်ဆောက်ရာထိ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ၁၉ ရာစု အကုန်တွင် ကွန်ကရစ်တုံးများဖြင့် အိမ်ဆောက်ရာတွင် အဓိက အသုံးပြုလာကြပြန်သည်။

၁၈၄၀ ခုနှစ်၊ ပြင်သစ်နိုင်ငံတွင် ပိုမိုခိုင်ခံ့သော ကွန်ကရစ်များ စတင် တီထွင်လာပြီး တံတားကြီးများ၊ မိုးမျှော်တိုက်များ တည်ဆောက်ရာတွင် အသုံးပြုလာကြပြီး သံထည်ဖြင့် တည်ဆောက်ခြင်း စနစ် လွှမ်းမိုးမှူကို သိသိသာသာ လျှော့ချနိုင်လာခဲ့သည်။

Portland ဘိလပ်မြေ၏ ပထမဆုံး ဘိလပ်မြေ စံနှုန်းကို ၁၈၇၈ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ အတည် ပြုခဲ့ပြီး ထိုစံချိန်စံနှုန်းများ အတိုင်းသာ ကျန်နိုင်ငံများကလည်း သတ်မှတ်လိုက်နာခဲ့ကြသည်။

ဘိလပ်မြေနှင့် ကွန်ကရစ်အခေါ်အဝေါ်များကို မကြာခဏ အပြန်အလှန် အသုံးပြုကြသော်လည်း ဘိလပ်မြေသည် အမှန်တကယ်တွင် ကွန်ကရစ်၏ ပါဝင်ပစ္စည်းတစ်ခုဖြစ်သည်။ ကွန်ကရစ်သည် သဲ၊ ကျောက်စရစ် သို့မဟုတ် ကြေမွသောကျောက်များ၊ ရေ နှင့် portland ဘိလပ်မြေတို့ စုပေါင်းဖျော်စပ်ထားသော အနှစ် ဖြစ်ပါသည်။ Portland ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ် ပြုလုပ်ရာတွင် အသုံးပြုသော ဘိလပ်မြေ အမျိုးအစား တစ်ခုဖြစ်သည်။

ကွန်ကရစ် ရောနှောမှုမှာ ၁၀ မှ ၁၅% မှာ ဘိလပ်မြေ ပါဝင်ပြီး ရေ၊ ကျောက်စရစ်၊ သဲ တို့ကို ပေါင်းစပ်ပြီး ရလာသော အရည်အနှစ်ကို အသုံးပြုထားပြီး ထုထည်မာကျောမှုမှာ သက်တမ်းကြာလေ ပိုခိုင်မာလေ ဖြစ်သည်။ အဝေးပြေးလမ်းများ၊ တံတားများ၊ ဆည်များ၊ မိုးမျှော်တိုက်များ ဆောက်ရာတွင် ခိုင်မာ မာကျောမှု မြင့်သော ကွန်ကရစ်ကိုသာ အသုံးပြုကြပါသည်။

ကွန်ကရစ် ဖျော်စပ်ရာတွင် ရေများသောကြောင့် လည်းကောင်း၊ ကွန်ကရစ် အခြောက်မြန်လွန်းသောကြောင့် လည်းကောင်း၊ မသင့်တော် မကိုက်ညီသော ကွန်ကရစ် Grade ကို အသုံးပြုမိသောကြောင့် လည်းကောင်း၊ Control Joint မရှိသောကြောင့် လည်းကောင်း၊ ဆောင်းရာသီလိုမျိုးတွင် အခြေခံအုတ်မြစ် လောင်းလိုက်သောကြောင့် လည်းကောင်း ဖြစ်နိုင်ချေများ ရှိပါသည်။
ကွန်ကရစ် slab တိုင်းတွင် အက်ကြောင်းများ ရှိတတ်ပါသည်။အက်ကွဲကြောင်း 0.3mm ထိမှာ လက်ခံနိုင်သော အတိုင်းအတာ ဖြစ်ပါသည်။ ဘိလပ်မြေနှင့် ရေများ ရောစပ်ပြီး တွယ်ကပ်အားကြောင့် ဖြစ်ပေါ်လာသော ကွန်ကရစ်များ မာကျောလာသည်နှင့်အမျှ အချို့သော ရေများသည် အငွေ့ပျံသွားသောကြောင့် ကျုံ့ပြီး အက်ကွဲလာကြသည်။ တစ်ချို့ သာမန်အားဖြင့် သတိမထားမိလောက်သော slab များတွင်တောင် ပုံမှန်ကျုံသွားခြင်းမှ ဖြစ်ပေါ်လာသော အလွန်သေးငယ်သော အက်ကြောင်းများ ရှိနေတတ်ပါသည်။ ကွန်ကရစ်မှာ မာကျောပြီး ကျုံနိုင်ဆန့်နိုင်တဲ့ အရာ မဟုတ်သောကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုမှာ ရှောင်လွှဲမရသော ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်ပါသည်။

အင်္ဂတေ (Motor) သည် (ဘိလပ်မြေ + သဲ + ရေ) တို့ ပေါင်းစပ်ထားသော အရောအနှော ဖြစ်သည်။ အင်္ဂတေသည် ကွန်ကရစ်နှင့် ယှဉ်လျှင် (W/C ဘိလပ်မြေ + ရေ) များပြီး အင်္ဂတေ၏ အသုံးပြုမည့် နေရာကို လိုက်ကာ အသုံးပြုရန် လွယ်ကူပြီး စေးကပ်မှု ဆွဲအား ကောင်းစေရန် အဓိကထား ဖျော်စပ်ကြသည်။ တစ်ခါတစ်ရံ ထုံးကိုပါ ထည့်သွင်း အသုံးပြုကြသည်။

ကွန်ကရစ် (Concrete) သည် အခြေခံအားဖြင့် (ဘိလပ်မြေ+သဲ+ကျောက်) တို့ကို ရေဖြင့် အချိုးကျ ရောစပ်ထားခြင်းဖြစ်ပြီး ပါဝင်သော ဘိလပ်မြေနှင့် ရေ ပမာဏတို့ကို လိုက်ပြီး ခံနိုင်ရည်အားတို့ ကွာခြားကြပါသည်။ ရေများလေလေ ဘိလပ်မြေ ခံနိုင်ရည်အား ကျလေလေ ကွန်ကရစ် ခံနိုင်ရည်အား ကျလေလေ ဖြစ်ပါသည်။

မိမိအသုံးပြုမည့်နေရာပေါ် မူတည်၍ ခံနိုင်ရည်အား (Strength) မတူသော ဘိလပ်မြေများကို သုံးကြပါသည်။

Strength class 32.5 ဘိလပ်မြေသည် သာမန်ကွန်ကရစ်လုပ်ငန်းများဖြစ်ကြသော အထွေထွေ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ ကြွေပြားကပ်ခြင်း၊ ရေမြောင်းရေကန် ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ပန်းရံလုပ်ငန်းများ၊ အုတ်စီအချော ကိုင်လုပ်ငန်းများနှင့် လူနေအိမ်ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဈေးနှုန်းချိုသာပြီး အထူးသင့်လျော်သော ဘိလပ်မြေ အမျိုးအစားဖြစ်ပါသည်။

Strength class 42.5 ဘိလပ်မြေသည် ခံနိုင်ရည်အားလိုအပ်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အဝေးပြေးလမ်းမကြီးများ တည်ဆောက်ခြင်း၊ လမ်းတံတားခင်းခြင်း၊ အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်ခြင်းနှင့် မည်သည့်ဆောက်လုပ်ရေး လုပ်ငန်းမဆို အသုံးပြုနိုင်သော နိုင်ငံတကာအဆင့်မှီ ခေတ်မှီနည်းပညာများဖြင့် ထုတ်လုပ်ထားသည့် ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။

လေအေးပေးစက်တစ်လုံး၏ သက်တမ်းသည် 10 နှစ်မှ 20 နှစ်အထိဖြစ်သည်။ ထို့ကြောင့် သင့်လေအေးပေးစက်သည် သက်တမ်း 10 နှစ်ကျော်ပါက အသစ်တစ်ခု အစားထိုး ဝယ်သင့်သည့်အချိန် ဖြစ်ပါသည်။

လေအေးပေးစက်များ၏ သက်တမ်းကြာလာသည်နှင့် အမျှ ၎င်းတို့၏ အလုပ်လုပ်မှု စွမ်းအင်လျော့ကျလာပါသည်။ အလုပ်လုပ်နိုင်မှု စွမ်းအင် လျော့ကျလေ မီတာခတက်လေ ဖြစ်သောကြောင့် သင်၏မီတာခ သက်သာစေရန် သက်တမ်းရင့်အဲကွန်းများကို အသုံးမပြုသင့်တော့ပါ။

အအေးခန်း ယိုစိမ့်ခြင်းကို အမြန်ပြုပြင်ခြင်း မရှိပါက Compressor ကိုပါ လောင်နိုင်သောကြောင့် ပြုပြင်စရိတ်က အသစ်ဈေးထက် ပိုကုန်ကျနေတာမျိုး ဖြစ်လာနိုင်လျှင် အသစ်လဲလှယ် တပ်ဆင်သင့်ပါသည်။

Contact Us