ON/ OFF ခလုပ်ဘဲ နှိပ်နေတုန်းလား?

AUX လေအေးပေးစက်၏ အဝေးထိန်းခလုတ် လုပ်ဆောင်ချက်များကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ် ခင်ဗျာ. . .

1. ON/OFF ခလုတ်

– On / off ခလုတ်ကိုနှိပ်ခြင်းအားဖြင့် စက်ကို အဖွင့်/အပိတ် ပြုလုပ်နိုင်ပါသည်။

– ၎င်းသည် ချိန်ထားသည့် Timer နှင့် Sleep setting များကိုပြေပျေက်သွားစေနိုင်ပါသည်။

2. MODE ခလုတ်

– Mode ခလုတ်ကိုနှိပ်ပြီး မိမိနှစ်သက်ရာ လုပ်ဆောင်ချက်ကို ရွေးချယ်နိုင်ပါသည်။

* AUTO အလိုလျောက်လုပ်ဆောင်ခြင်း

* COOL အအေးဓာတ် လုပ်ဆောင်ခြင်း

* DRY ခြောက်သွေ့အောင် လုပ်ဆောင်ခြင်း

* HEAT အပူပေးခြင်း

* FAN ပန်ကာလေပေးခြင်း

မှတ်ချက်။ ။ အပူပေးစနစ် မပါရှိသော စက်များတွင် HEAT Mode ကို အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး ခင်ဗျာ ။

3. TIMER ခလုတ်

– စက်ဖွင့်ထားပြီး Timer ခလုတ်ဖြင့် လေအေးပေးစက်ကို ပိတ်လိုသည့် အချိန်ကိုက် ပိတ်သွားစေနိုင်ပြီး၊ စက်ပိတ်သည့်အနေအထားတွင်လည်း Timer ခလုတ်ကို နှိပ်ခြင်းအားဖြင့် မိမိဖွင့်စေလို့လိုသော အချိန်ကို ပြန်လည်ချိန်ကိုက် ဖွင့်စေနိုင်ပါသည်။

– Timer ခလုတ်ကို တစ်ကြိမ်နှိပ်ပြီးချိန် “On/Off” စက် အဖွင့်/ အပိတ်မီး လင်းလာပါလိမ့်မည်။ ထိုနောက် (+) သို့မဟုတ် (-) ကို နှိပ်ပြီး မိမိ ဖွင့်/ပိတ် စေလိုသောအချိန်ကို (0.5 နာရီမှ 24 နာရီ) ကြားတွင် ချိန်ကိုက်ထားနိုင်ပါသည်။

– Timer ခလုတ်ကို နောက်တစ်ကြိမ် ထပ်မံနှိပ်၍ လုပ်ဆောင်မှုကို အတည်ပြုပါ၊ နှိပ်ပြီးပါက လင်းနေသော “On/OFF” အဖွင့်/အပိတ်မီးသည် ရပ်တန့်သွားမည် ဖြစ်ပါသည်။

– အကယ်၍ “On/OFF” အဖွင့်/အပိတ်မီးလင်းပြီး ၁၀ စက္ကန့်အတွင်း “Timer” ခလုတ်ကို မနှိပ်မိပါက၊ အချိန်သတ်မှတ်ရန် လုပ်ဆောင်ချက်သည် ရပ်တန့်သွားမည် ဖြစ်ပါသည်။

– Timer အချိန်သတ်သတ်မှတ်ပြီးဟု အတည်ပြုပြီးပါကလည်း ဤခလုတ်ကို ထပ်မံနှိပ်ခြင်းအားဖြင့် လုပ်ဆောင်ချက်ကို ပယ်ဖြတ်နိုင်ပါသည်။

4. HEAT ခလုတ်

– Heat ခလုတ်ကိုနှိပ်ခြင်းအားဖြင့် “HEAT” mode လေပူပေးစနစ် ကိုဆောင်ရွက်စေနိုင်ပါသည်။

5. COOL ခလုတ်

– Cool ခလုတ်ကိုနှိပ်ခြင်းအားဖြင့် “COOL” mode လေအေးပေးစနစ် ကိုဆောင်ရွက်စေနိုင်ပါသည်။

6. SPEED ခလုတ်

– ပန်ကာလေ အရှိန်ကို Speed ခလုတ်ကိုနှိပ်ခြင်းအားဖြင့်ရွေးချယ်နိုင်ပါသည်။

– (အနိမ့်/ အလယ်လတ်/ အမြင့်/ တာဘို/ အော်တို)

မှတ်ချက်။ ။ အော်တို လေရှိန်နှုန်းသည် “FAN Mode” တွင် လုပ်ဆောင်၍ မရနိုင်ပါ၊ တာဘို လေရှိန်နှုန်းသည် “AUTO mode” တွင် အသုံးပြု၍ မရနိုင်ပါ။

7. (+) နှင့် (-) ခလုတ်

– (+) နှင့် (-) ခလုတ် တစ်ကြိမ်နှိပ်လျှင် အပူချိန်သည် 1’C (1’F) တိုး/လျော့ သွားမည်ဖြစ်ပါသည်။

– အပူချိန်ကို 16’C (60’F) မှ 32’C (90’F) ကြားတွင် အတိုးလျော့ လုပ်ဆောင်နိုင်ပါသည်။

မှတ်ချက်။ ။ “Auto Mode” နှင့် “Fan Mode” ပြုလုပ်ထားချိန်တွင် အပူချိန် အတိုး/လျော့ ပြုလုပ်၍ မရနိုင်ပါ။

8. MENU & OK ခလုတ်

– မိမိနှစ်သက်ရာ လုပ်ဆောင်ချက်များကို ရွေးချယ်လိုလျှင် “Menu”ခလုတ်ကို နှိပ်နိုင်ပါသည်။ ထို့နောက် ခလုတ်များကို မိမိလုပ်ဆောင်လိုသည့်အတိုင်း ရွေးချယ်နိုင်ပြီး OK ခလုတ်ကိုနှိပ်ကာ အတည်ပြုနိုင်ပါသည်။

– ရွေးချယ်မှုလုပ်ဆောင်ချက်အောင်မြင်ပြီးပါက LED ပေါ်တွင် မီးအလင်းရောင်ဖြင့် လုပ်ဆောင်ချက်ကို ဖော်ပြပေးပါသည်။

9. L/R SWING ဘယ်/ညာ ရွေ့လျားခလုတ်

– ဤခလုတ်ကိုနှိပ်ခြင်းအားဖြင့် လေထွက်ပေါက်ကို ဘယ်/ညာ ယိမ်းစေနိုင်ပြီး ရွေ့လျားစေနိုင်ပါသည်။ ထပ်မံနှိပ်ပါက လုပ်ဆောင်ချက်ကို ပိတ်သွားစေနိုင်ပါသည်။

10. U/D SWING အထက်/အောက် ရွေ့လျားခလုတ်

– ဤခလုတ်ကိုနှိပ်ခြင်းအားဖြင့် လေထွက်ပေါက်ကို အတက်/အောက် ယိမ်းစေနိုင်ပြီး ရွေ့လျားစေနိုင်ပါသည်။ ထပ်မံနှိပ်ပါက လုပ်ဆောင်ချက်ကို ပိတ်သွားစေနိုင်ပါသည်။

#arr_thit_man_group #aircon #L_Series #Make_Home_Better