သံချောင်းအတု/ အစစ် ဘယ်လိုခွဲမလဲ?

သံချောင်း အတုအစစ် ခွဲခြားလို့ရအောင် အတုကိုအစစ်လို့ထင်ပြီး မဝယ်မိရလေအောင် သံချောင်းအတုနဲ့ အစစ် ခွဲခြားနည်းလေးကို မျှဝေပေးလိုက်ပါတယ် ခင်ဗျာ . . .

(၁) ဖောင်းလုံးကြီးခြင်း

သံချောင်းများရဲ့ ဘေးမှာပါတတ်ကြတဲ့ ဖောင်းလုံးများကိုရင်းနှီးကြမယ်ထင်ပါတယ်။ သံချောင်းအတုများရဲ့ ဖောင်းလုံးဟာ အော်သံချောင်း (Original သံချောင်း)များထက်ပိုပြီး ကြီးတတ်ကြပါတယ်။

(၂) စာလုံးပုံ (Font) မတူခြင်း

အော်သံချောင်းများအပေါ်မှာ ရေးထားတဲ့ စာလုံးပုံ (Font) နဲ့ ဒီမှာပြန်ပြီး အသားတံဆိပ်ရိုက်ထားတဲ့ စာလုံးပုံများဟာ ကွာခြားပါတယ်။ အော်သံ‌ချောင်းများရဲ့ စာလုံးပုံကပိုသပ်ရပ်ပြီး သံချောင်းအတုများကတော့ စာလုံးပုံလက်ရာကြမ်းပါတယ်။

(၃) Chemical Composition

သံချောင်းတုများရဲ့ အရောင်များဟာ ဖြူစပ်စပ်ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာကတော့ ပါဝင်တဲ့ Chemical Composition မမှန်လို့ဖြစ်ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သံချောင်းတုများရဲ့ကုန်ကြမ်းဟာ အော်သံချောင်းများရဲ့ ကုန်ကြမ်းလို သံရိုင်း ကနေလုပ်တာမျိုးမဟုတ်ပဲ Scrap Metal လို့ခေါ်တဲ့ သံဟောင်းများကနေပြန်လည်အရည်ကျိုပြီး လုပ်ထားတာဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ကြံ့ခိုင်မှုပိုင်းမှာ အရမ်းကိုကွာခြားပါလိမ့်မယ်။

(၄) ကြံ့ခိုင်မှုအပိုင်း

သံချောင်းတုများဟာ ကြံ့ခိုင်မှုပိုင်းမှာ အင်မတန်မှအားနည်းလှပါတယ်။ အထက်မှာပြောခဲ့သလို Scrap Metal ကနေ ပြန်လည်ပြုလုပ်ထားတဲ့အတွက်ကြောင့် ကြံ့ခိုင်မှုပိုင်းမှာ အားနည်းပါတယ်။ ဒါ့အပြင် သံချောင်းတချောင်းချင်းစီရဲ့ ကြံ့ခိုင်မှုပိုင်းမှာလဲ တချောင်းနဲ့တချောင်း ကွာခြားနေပြန်ပါတယ်။

(၅) Bundle

သံချောင်းတုများရဲ့ Bundle (သံချောင်းအစီး) ရဲ့ ထိပ်နှစ်ဖက်ဟာညီနေတတ်ပါတယ်။ အော်သံချောင်းများကတော့ Bundle မညီတတ်ကြပါဘူး။

(၆) အရောင်အသွေး

အော်သံချောင်းများရဲ့ အရောင်ကတော့ သံရောင်ပေါက်တတ်သလို ညိုပြာပြာဖြစ်တတ်ပါတယ်။ Import အဖြစ်တင်သွင်းရတာဖြစ်ပြီး သင်္ဘောတွေရဲ့ Bulk Shipment တွေနဲ့လာရတာဖြစ်တဲ့အတွက် ရေဒဏ်လေဒဏ်နဲ့ သံချေးအနည်းငယ်တတ်တာမျိုး ရှိတတ်ပါတယ်။

ဒါပေမယ့် သံချောင်းတုများကတော့ အရောင်အသွေးပိုင်မှာလှတတ်ပါတယ်။ သံချေးလဲမပါတတ်ပါဘူး။ အဆိုပါအချက် (၆) ချက်ကို ကြည့်ပြီး သံချောင်းအတုနဲ့အစစ်ကို ခွဲခြားနိုင်ပါတယ်။ အားလုံးလဲ အဆင်ပြေ ကြပါစေခင်ဗျာ . . .

#arr_thit_man_group

#knowledge #သံချောင်း