အင်အားကြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော စာသင်ကျောင်းများအား ပြန်လည်တည်ဆောက်သည့် နေရာတွင် အသုံးပြုရန်အတွက် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ငွေကျပ် (သိန်းနှစ်သောင်း) လှူဒါန်းသွားမည်ဖြစ်ပါသည် ။
ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ငလျင်ဒဏ်သင့် စာသင်ကျောင်းများထဲမှ စီစစ်ရွေးချယ်ထားတဲ့ အခြေခံပညာသင်ကျောင်းများဖြစ်သော
(၁) အ.လ.က-ခွဲ ထူပါရုံ စာသင်ကျောင်း စစ်ကိုင်းမြို့
(၂) ပေကုန်းကျေးရွာရှိ ပေကုန်း အ.မ.က စာသင်ကျောင်း ပျော်ဘွယ်မြို့
(၃) သင်ပန်းကုန်ကျေးရွာရှိ သင်ပန်းကုန် အ.မ.က စာသင်ကျောင်း ရမည်းသင်းမြို့ နှင့်
(၄) ကုလားကျောင်းကျေးရွာရှိ မူလွန်ကုလားကျောင်း စာသင်ကျောင်း ကျောက်ဆည်မြို့
(၅) အင်းကုန်းကျေးရွာရှိ အင်းကုန်း အ.မ.က စာသင်ကျောင်း သာစည်မြို့ တို့အား စာသင်ကျောင်းဆောင်များ ပြန်လည်တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းစဥ်များ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည် ။
မိဘပြည်သူများအားလုံး သဘာဝဘေးအန္တာရယ် အမျိုးမျိုးမှ ကင်းဝေးကြပါစေ ၊
မနက်တိုင်းအေးချမ်းစွာ နိုးထနိုင်ပါစေ၊
ခန္ဓာကိုယ်ကျန်းမာခြင်းနဲ့ စိတ်၏ချမ်းသာမှု ရရှိကြပါစေ၊
စီးပွားရေး လုပ်ငန်းများမှာလည်းအောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ ကြောင်း ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် …..
#Double_Rhinos_Foundation#donatation
#EarthquakeRelief#ReliefRecoveryRebuilding#စာသင်ကျောင်းဆောင်များလှူဒါန်းခြင်း#မန္တလေးငလျင်



















