မိုးရာသီမှာ ဘိလပ်မြေ အသုံးပြုပုံ

မိုးရာသီ အစိုဓါတ်လွန်ကဲသော ကာလဖြစ်ပါသဖြင့် ပုံမှန်အအေးဓါတ်ရှိသော ဒေသများသာမက ကျန်ဒေသများတွင်ပါ အပူချိန်လျော့ကျမူများ ဖြစ်ပေါ်နေပါသည်။

အထူးသဖြင့် ကွန်ကရစ်ဖျော်စပ်ရာတွင် အသုံးပြုသော သဲများ၊ ကျောက်များတွင် အစိုဓါတ်ပါဝင်မူများသလို ပြင်ပအပူချိန်မှာလည်း လေအေးများတိုက်ခိုက်လျက်ရှိပါသည်။

ပုံဆင်ထားသော ပစ္စည်းများ၊ သံချောင်းများမှာလည်း၊ အပူချိန်ပမာဏ လျော့ကျနေပြီး ရောစပ်မည့်ရေမှာလည်း အအေးဓါတ်ရှိနေမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကွန်ကရစ်ဖျော်စပ်ရာတွင် အဓိကကျသော W/C (ရေ : ဘိလပ်မြေ) အချိုးကို သေချာချိန်ဆ၍ ဖျော်စပ်သင့်ပါသည်။

ကွန်ကရစ်အပူချိန် 10’ C (18’F) လျော့ကျတိုင်း အိပ်ချိန် (setting Time)၂-ဆပိုမိုကြာမြင့်နိုင်ပါသည်။

ဘိလပ်မြေ± 8’C ပြောင်းလျှင် ကွန်ကရစ် အပူချိန်1’C ပြောင်းလဲပါသည်။

ရေ ±4’C ပြောင်းလျှင် ကွန်ကရစ် အပူချိန် 1’C ပြောင်းလဲပါသည်။

သဲ/ကျောက်± 2’C ပြောင်းလျှင်ကွန်ကရစ် အပူချိန်1’C ပြောင်းလဲပါသည်။

ထို့ကြောင့် သဲ/ ကျောက်အပူချိန်သည် ကွန်ကရစ်အပူချိန်ကိုများစွာ အကျိုးသက်ရောက်မူရှိကြောင်း သတိပြုသင့်ပါသည်။

ယခုလို အစိုဓါတ်လွန်ကဲသော ရာသီတွင်ဖြစ်ပေါ်တတ်သော ကွန်ကရစ်အခြေအနေမှာ အိပ်ချိန် (setting Time) နှောင့်နှေးစေတတ်သောကြောင့် သတိပြုနိုင်ပါရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါသည်။

မှတ်ချက်။ ။ ရောစပ်မူကို အလေးချိန် ယူနစ်အရသုံးစွဲသင့်ပါသည်။

ကြံ့နှစ်ကောင် ဘိလပ်မြေ, အကောင်းဆုံးဘိလပ်မြေ