ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသော ပြည်သူများကို ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် ထပ်မံ၍ ကျပ် သိန်း (၅,၀၀၀) ကျပ် ထပ်တိုး လှူဒါန်းခြင်း

ယခုလက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ကူညီဖေးမမှုများ လိုအပ်နေသည့် မိဘပြည်သူများအတွက် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း မှ ထပ်မံ၍အားဖြည့်ပေးလိုသောစိတ် ၊ ကိုယ်ချင်းစာနာစိတ်များစွာဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသော မိဘပြည်သူများကို အားတစ်ခုဖြစ်စေလိုသောစိတ် ၊ စိတ်ဓာတ် ကြံ့ခိုင်မှုများ ရရှိစေနိုင်ရန်အတွက် ထပ်မံ၍ ဒုတိယအကြိမ်သိန်း(၅,၀၀၀)ကျပ် တိတိ ထပ်တိုး၍ စုစုပေါင်းလှုဒါန်းငွေ သိန်းတစ်သောင်းကျပ် တိတိ မတည်လှူဒါန်းငွေအား သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

တစ်ဖက်တစ်လမ်းမှ အဆက်မပြတ် ကူညီလှုဒါန်းပေးကြပါသော အရောင်းကိုယ်စားလှယ်ကြီးများ ၊ အလှူရှင်အသီးသီးတို့ နှင့် ကာယလုပ်အားဖြင့် ကူညီပါဝင်အားဖြည့်ပေးကြကုန်သော Volunteer များအားလုံးကို Double Rhinos Foundation မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ 🙏🙏🙏

မကြာခင် အချိန်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြတ်ကျော်နိုင်သွားမှာဖြစ်လို့ အားတင်းထားကြပါခင်ဗျာ … 💪💪💪