မြန်မာနိုင်ငံတစ်ဝန်းရှိ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသော ပြည်သူများအတွက်ကျပ်သိန်း(၅,၀၀၀) မတည် လှူဒါန်းခြင်း 

ယခုလက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့်ကူညီဖေးမမှုလိုအပ်နေသည့် ပြည်သူများ၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် ပြည်သူများရှိနေပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ကြားသိရတဲ့အတွက် အားလုံး နှင့် ထပ်တူ များစွာစိတ်မကောင်းဖြစ်ရပါတယ် …. 

သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော မိဘပြည်သူများအတွက် တစ်ဖက်တစ်လမ်း မှ ကူညီဖြည့်ဆည်းပေးနိုင်ရန် ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း အဖွဲ့မှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးမည်ဖြစ်ပါသည်။ 

မကြာခင် အချိန်တွင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြတ်ကျော်နိုင်သွားမှာဖြစ် လို့ အားတင်းထားကြပါခင်ဗျာ …