တတိယမြောက် စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား

စစ်ကိုင်းမြို့၊ ထူပါရုံကျောင်း ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား🏘 ကို (10.9.2025) ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်👏🏻👏🏻

အ.လ.က (ခွဲ) ထူပါရုံ‌ကျောင်းဟာဆိုရင် ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းရဲ့ ငလျင်ဒဏ်သင့် အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ထူထောင်ရေးအစီအစဉ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သော တတိယမြောက် စာသင်ကျောင်းဆောင်လည်း ဖြစ်ပါတယ်ခင်ဗျာ 🏘🏡

ထူပါရုံကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို တတ်ရောက်ချီးမြှင့်ပေးပါသော တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း ပညာရေးမှူး နှင့် ပညာရေးဌာနမှ အကြီးအကဲများ၊ စစ်ကိုင်းခရိင် ပညာရေးမှူး ၊ စစ်ကိုင်းမြို့နယ် ပညာရေးမှူး နှင့် ပညာရေးဌာနမှ မိသားစုဝင်များ ၊ ထူပါရုံကျောင်းအုပ် ဆရာမကြီး နှင့် ဆရာ ဆရာမများ၊ မြို့မိမြို့ဖနှင့် ရပ်မိရပ်ဖ အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏🙏

ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့်အတူ မိတ်ဖက် Company များဖြစ်သော Myanmar Than Taw Myat Co.,Ltd , Pye Heinn Kaung Co.,Ltd , Wei Li Hlaine Co.,Ltd , Pandora Co.,ltd , Yupar Mandalar Resort Co.,Ltd နှင့် ဘိလပ်မြေအရောင်းကိုယ်စားလှယ်ကြီး များမှ ငွေအား လူအား အသီးသီးဖြင့် ပါဝင်ကူညီလှူဒါန်းပေးကြသော စေတနာရှင် ကုသိုလ်ရှင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာနှင့် ပြည့်စုံပါစေကြောင်း ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ 🙏🙏