ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း၏ ငလျင်ဒဏ်သင့် အခြေခံပညာစာသင်ကျောင်းများ ပြန်လည်ထူထောင်ရေးအစီအစဉ်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့သော ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကို (18.8.2025) ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်ခင်ဗျာ
သင်ပန်းကုန်းကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို တတ်ရောက်ချီးမြှင့်ပေးပါသော မန္တလေးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး(စီမံ+ဘဏ္ဍာရေး) အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ၊ ခရိုင်ပညာရေးမှုး၊ မြို့နယ်ပညာရေးမှုးနှင့် ဆရာဆရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရပ်မိရပ်ဖများ၊ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်း၏ တာဝန်ရှိလူကြီးမင်းများနှင့်တစ်ကွ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ


















ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့်အတူ အဘက်ဘက်မှ ပါဝင်ကူညီလှူဒါန်းပေးကြသော စေတနာရှင် ကုသိုလ်ရှင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ
