ကျွန်တော်တို့ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့တဲ့ အခြေခံပညာစာသင်ကျောင်း (၅) ကျောင်း ပြန်လည်တည်ဆောက်လှူဒါန်းခြင်း အစီအစဉ်ရဲ့ ငါးကျောင်း‌မြောက် ကျောင်းလေးဖြစ်တဲ့ ပျော်ဘွယ်မြို့နယ်၊ ပေကုန်း‌ကျေးရွာက အခြေခံပညာ မူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါပြီခင်ဗျာ။

💖

ဒီကျောင်းဆောင်သစ်ကြီးဟာ ပေကုန်း‌ကျေးရွာ ကလေးငယ်လေးတွေအတွက် စာသင်ခန်း (၄) ခန်း၊ ရေတွင်းနဲ့ ခေတ်မီသန့်စင်ခန်း (၄) ခန်း တို့အပြင် စာရေးခုံတွေ၊ White Board တွေပါ ထောက်ပံ့ပေးထားတာကြောင့် စာပေပညာတွေ ကောင်းကောင်းသင်ယူနိုင်ဖို့ အထောက်အကူပြုမှာပါ။ 💪📚 ကြံ့နှစ်ကောင် ဘိလပ်မြေအပါအဝင် ခိုင်ခံ့တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ တည်ဆောက်ထားလို့ သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိပြီး ရေရှည်အကျိုးပြုမယ့် ကျောင်းလေးတစ်ကျောင်း ဖြစ်လာခဲ့ပါပြီ။ 🌟

ဒီလိုမျိုး ပညာရေးအတွက် အရေးပါတဲ့ စီမံကိန်းကြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းအတွက် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးခဲ့ကြတဲ့ နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဌာနမှ လူကြီးမင်းများ၊ ကျောင်းအုပ်ကြီးနဲ့ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖနှင့် ရပ်မိရပ်ဖ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းမှ စိတ်ရင်းအမှန်ဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ။ 🙏

အထူးသဖြင့်၊ ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းနဲ့အတူ ပညာရေးမြှင့်တင်ဖို့ လက်တွဲညီညီ စေတနာထက်သန်စွာ ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြတဲ့ မိတ်ဖက် Company များဖြစ်တဲ့ Myanmar Than Taw Myat Company, Pye Heinn Kaung Company, Wei Li Hlaine Company, Pandora Company, Yupar Mandalar Resort Company နဲ့ ဘိလပ်မြေ အရောင်းကိုယ်စားလှယ်ကြီးများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ဗျာ။ 🤝 ဒီလို ပူးပေါင်းပါဝင်မှုတွေကြောင့်သာ ကလေးငယ်တွေရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ပညာဒါနအိပ်မက်တွေ အောင်မြင်စွာ အကောင်အထည် ပေါ်လာခဲ့တာပါခင်ဗျာ ။ 🌍💖

ဒီလိုကျောင်းဆောင်သစ်ကြီးတွေ တည်ဆောက်ပေးနိုင်ခဲ့ခြင်းအားဖြင့် ပေကုန်း‌ကျေးရွာနဲ့ အနီးနားပတ်ဝန်းကျင်က ကလေးငယ်လေးတွေ ပညာကောင်းကောင်းသင်ယူနိုင်ပြီး အနာဂတ်မှာ အလားအလာကောင်းတွေ ရရှိဖို့၊ ကျေးရွာရဲ့ စာတတ်မြောက်နှုန်း မြင့်တက်လာဖို့နဲ့ ပညာရေးရဲ့ အရေးပါမှုကို ပိုမိုနားလည်သဘောပေါက်လာစေဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။ 📚💡

ကြံ့နှစ်ကောင် ဖောင်ဒေးရှင်းအနေနဲ့ နိုင်ငံတော်ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါဆုံးသော ပညာရေးကဏ္ဍကို နောင်အနာဂတ်မှာလည်း ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ပြီး ဆက်လက်ပံ့ပိုးကူညီသွားဖို့ ရိုးသားစွာ ကတိပြုအပ်ပါတယ်ခင်ဗျာ။

အားလုံးပဲ လက်တွဲညီညီ ပညာဒါနတွေ ဆက်လက်ပြုလုပ်ရင်း ပညာရတနာတွေ ဖြန့်ဝေပေးသွားကြပါစို့။ 💖